Asphalt 8 ကတော့ Apple Arcade က ဂိမ်းပါ။ Mobile မှာတည်းက gameplay ကော၊ graphic ကောပြောစရာမလိုတဲ့ racing game ပါပဲဲ။ ပေါ့ပေါ့ပါးပါး car racing ဆော့မယ်ဆိုရင်တော့ mobile ပဲဖြစ်ဖြစ်၊ Mac နဲ့ဖြစ်ဖြစ်ရှယ်ဆော့ပဲပေါ့။ Intel Mac တွေကော M Chip တွေနဲ့ကောအဆင်ပြေပါတယ်။
Metro: Last night က macOS မှာရှားရှားပါးပါးထွက်တဲ့ First Person Shooter game ပါ။ Horror လည်းဆန်ရမယ်၊ Survival လည်းဖြစ်မယ်၊ FPS ဂိမ်းလည်းဖြစ်ရမယ်ဆိုရင်တော့ Metro: Last Night သာဆော့လို့ပြောချင်ပါတယ်။ Intel, M Chip ကြိုက်တာမှာဆော့လို့ရပါတယ်။ Size ကလည်း 8GB လောက်ပဲဆိုတော့ ဇာတ်လမ်းသွားနဲ့အပစ်အခတ်ဂိမ်းကောင်းကောင်းဆော့ဖို့အတွက်တော့ အဆင်ပြေပါတယ်။
အမှောင်သခင် ဆြာဘတ်ရဲ့ game တွေထဲက game တစ်ခုပါ။ Batman game တွေမှာ admin ကြိုက်တဲ့အချက်တွေရှိပါတယ်။ ဝတ်ရုံအနက်ကြီးနဲ့ တိုက်ပေါ်ကနေပျံဆင်းရတာတွေ၊ ညဘက်လမ်းတွေပေါ်မှာ Batmobile လို့ခေါ်တဲ့ကားကြီးစီးပြီးလျှောက်သွားရတာတွေက ကိုယ်တိုင် ဆြာဘတ်နေရာရောက်နေသလိုမျိုးပါပဲ။ Arkham City ကတော့ခုနပြောတဲ့ vibe တွေအကုန်ရမဲ့ Batman ဂိမ်းပါပဲ။ Intel ကော၊ M Chip Mac တွေကောမှာဆော့နိုင်ပြီး Batman ကြိုက်တဲ့ bro တို့အတွက်တော့ဒေါင်းဆော့ကြည့်သင့်တဲ့ game ပါ။